Duration 13:10

ပြည်သူ့အစိုးရနဲ့ ပြည်သူလက်တွဲပြီး ပြန်လုပ်ပြလိုက်ချင်တယ်- NUG

129 731 watched
0
3 K
Published 18 Jul 2021

အာဏာသိမ်းစစ်ကောင်စီလက်ထက် ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းကြုံနေရချိန်တွင် စမ်းသပ်ခွင့်၊ ကုသခွင့်ပင်မရဘဲ သေဆုံးမှုအရေအတွက် လွန်စွာမြင့်တက်နေသည်။ အရပ်သားအစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါဘေးရင်ဆိုင်ခဲ့ရစဉ်က ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ခဲ့ရာတွင် နာမည်ကျော်သည့် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ Myanmar Nowက တွေ့ဆုံမေးမြန်းထားပါသည်။ ကိုဗစ်ကပ်ဘေးကို ကိုယ့်အားကိုယ်ကိုး၍ ရင်ဆိုင်နေရသည့် ပြည်သူများအနေဖြင့် ကိုဗစ်ဗဟုသုတ စင်တာ (https://web.facebook . com/ckcmohnugmm)၊ တယ်လီကျန်းမာ(https://web.facebook . com/telehealthmm/) တို့သို့ ဆက်သွယ်၍ ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်များရယူနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာထားသည်။

Category

Show more

Comments - 196